မခင်သော့ခတ်ထိုအရပ် (ဝတၳုတို)
မခင်သော့ခတ် ထိုအရပ်
==================
သူဝေး( တမာမြေ)
(၁)
"အေမ အဲဒီအကောင်ရှေ့က အခု ဖယ်ပေး၊ ကျုပ်ကို ငရဲမပေးနဲ့၊ အေမအခုလို ကာဆီး ကာဆီးလုပ္လို့ အမေ့မြေး ပျက်စီးနေတာ"
တောင်ဝှေးအားပြုရင်း မောင်စည်သူ ရှေ့ကနေ ကတုန်ကယင်ရပ်နေသည့် ဒေါ်ဖွား သစ္ကို ကိုဘကွန့်က အော်၍ပြောလိုက်ခြင်း ဖြစ်သည်။
"မင်းဘာကြောင့် ဒီလောက်ဒေါသ ထွက်နေရတာလဲ၊ ငါ့မြေးက ဘာတွေလုပ်လို့ ဘာတွေပျက်စီးနေလို့လဲ"
အသက်ခုနစ်ဆယ်ကျော် ဒေါ်ဖွားသစ်က သူ့မြေးရှေ့က ဖယ္မေပးဘဲ သူ့သား ဘကွန့်ကို ပြန်မေးသည်။
"ဘာလုပ်ရမလဲ ဟိုအကောင် ထွန်းအောင် တည်ထောင်ထားတဲ့ သွေးလှူရှင်အဖွဲ့မှာ သွေးလှူလာသတဲ့လေ၊ ရန်သူ့အဖွဲ့အစည်းကို အားပေးအားမြှောက်လုပ်လာတာ"
"အဲဒါ ဒေါသထွက်စရာလား၊ သွေးလှူတာ ပဲ ရန်သူမိတ်ဆွေရယ်လို့ ခြဲစရာလားဟဲ့၊ သူမ်ား ကြား ရွက္စရာ"
"ကျုပ် ရွက္တယ္ဗ်ာ၊ ထွန်းအောင်ကြောင့် ကျုပ် ရပ်ရွာအုပ်ချုပ်ရေးမှူး နေရာကနေ ဖယ်ပေးရတာ၊ ကျုပ်နေရာကို အဲဒီအကောင် လုခဲ့တာ၊ ဟာဗ်ာ ... ကျုပ် ဒေါသထွက်လာပြန်ပြီ နော်..."
ကိုဘကွန့်သည် အသားများတဆတ်ဆတ် တုန္လာကာ စည်သူ့ထံ တိုးလာပြန်သည်။
"ဘကွန့် မင်း လွန်မယ်နော်"
"နေပါစေ အဘွားရယ်၊ သားကိုရိုက်ချင် ရိုက်ပါစေတော့၊ အဘြား လွတ်ရာသွားနေပါ နော်"
"မသြားဘူး ငါမြေး၊ နင့်အဒေါ်အိမ် ခဏ သွားပြီးတိမ်းရအောင်"
"သွားကြ မျိုးချစ်စိတ်မရှိတဲ့ မြေးအဘွား စုန်းပြူးတွေ၊ တစ်သက်လုံးပြန်မလာကြနဲ့"
ကိုဘကွန့်သည် အတ္တ၊မာန၊မာန်စိတ်များ ကြောင့် အမေကိုလည်း ရိုသေရမှန်းမသိတော့ သလို သားကိုလည်း ကြင်နာရမှန်းမသိတော့ ချေ။
"စည်သူ မင်းကလည်း မင်းပဲ ငယ်တော့ တဲ့အရွယ်လည်း မဟုတ်တော့ဘူး၊ တက္ကသိုလ် ကျောင်းတောင်ပြီးတော့မယ်၊ ခုချိန်ထိ ကိုယ့် အေဖစိတ္ကို မသိသေးဘူး"
တစ်ချိန်လုံး ငြိမ်နေသည့် သင်းစံပယ်ထံမှ အပြစ်တင်သံ ထွက်ပေါ်လာသည်။ သင်းစံပယ် သည် ဦးဘကွန့်၏ ဒုတိယဇနီး၊ မောင်စည်သူ ၏ မိထွေး၊ ဒေါ်ဖွားသစ်၏ ချေွးမဖြစ်သည်။
"ညည်းကြောင့် အခုလို ဖြစ်တာ"
ဒေါ်ဖွားသစ်က ချေွးမဖြစ်သူကို မေက် မနပ်ကြည့်ကာ စိတ်ထဲက ပြောလိုက်ခြင်း ဖြစ်သည်။
(၂)
မောင်စည်သူ အခါလည်သားမှာ သူ့မိခင် အေးမြ ဆုံးသွားရှာသည်။ မောင်စည်သူသည် ဒေါ်ဖွားသစ်လက်ပေါ်မှာပင် လူလားမြောက် ခဲ့သည်။ ထို့ကြောင့် မောင်စည်သူကို ဒေါ်ဖွား သစ္က သားပမာချစ်၍ မြေးအနှစ်မို့ အခ်စ္ပို ခဲ့ရသည်။ မောင်စည်သူ ဆယ်နှစ်သား အရောက်မှာ "အေမ ကျွန်တော်အိမ်ထောင် ပြုမလို့ "
သားဖြစ်သူ ဘကွန့်က နောက်အိမ်ထောင် ပြုရန် ခွင့်တောင်းလာချေပြီ။
"အေးလေ တစ်ပင်လဲလို့ တစ်ပင်ထူတာ ဘာဆန်းတာမှတ်လို့ "
ထိုသို့ပြောပြီး ကြည်ကြည်သာသာ ခွင့်ပြု ခဲ့သည်။
"သင်းကလေ မိထွေးဆိုပေမယ့် အစ္ကို့ သားကို သင်းရဲ့သားလို ချစ်မှာပါ"
"အစ္ကို့ အမေဆိုတော့ သင်းရဲ့ အေမေပါ့ မဟုတ္ဘူးလား အေမ" လျှာဖျားလေးဖြင့် ပလီပလာ ချိုမြိန်သော စကားလုံးမ်ားကို ဒေါ်ဖွားသစ် မကြိုက်။
ချိုသောစကားလုံးများ၏ နောက်မှာ ခါးသီးမွုတို့ ရှိနေမည်ကို ကြိုသိနေသည်။
သင်းစံပယ်က ပါးနပ်သည်။ ဒေါ်ဖွားသစ် မွေးထားသော မွေးချင်းဆယ်ယောက်နှင့် သင့်အောင်ပေါင်း၍ သာအောင်နေတတ်သည်။ ဒေါ်ဖွားသစ်တစ်ဦးသာ သင့်အောင်သိမ်းသွင်း မရသလို သာအောင်လည်းနေမရဖြစ်နေသည်။
"စပါးကောင်းမကောင်း ထောင်းကြည့်မှ သိ၊ လူ ကောင်းမကောင်း ပေါင်းကြည့်မှ သိ" ဟူသော စကားပမာ တစ်အိမ်တည်း အတူ နေလာသည်မှာ ကြာလာသည်နှင့် သင်းစံပယ် ၏ စရိုက္ကို ဒေါ်ဖွားသစ်ပို၍ သဘောမတွေ့ ဖြစ်နေသည်။
သင်းစံပယ်က ဂုဏ်မက်သည်။ လူရာ ဝင်ချင်သည်။ အမ်ားသူငါ၏ အထင်ကြီး လေးစားခြင်းကို ခံချင်သူလည်းဖြစ်သည်။
တစ်အိမ်တည်း အတူနေသော်လည်း သမီးယောက္ခမ စကားမပြောကြပေ။ သင်းစံပယ်သည် ဒေါ်ဖွားသစ်အားပြောချင် သည့် စကားမ်ားကို ကိုဘကွန့်နားထဲဝင်အောင် အရင်ပြောသည်။ ကိုဘကွန့်သည် ကြိုးမဆွဲ ခင်က ကချင်နေသည့် ရုပ်သေးပမာ ဖြစ်နေ သည်မို့ သင်းစံပယ်၏ဆန္ဒနှင့် ထပ်တူမျှသော စကားမ်ားကို ဒေါ်ဖွားသစ်အား ပြောလေ သည်။ ဒေါ်ဖွားသစ်သည်လည်း သူ့သားဘကွန့် ကို ဘကွန့်ဟု မမြင်ဘဲ သင်းစံပယ်ဟုသာ မြင်နေရသည်။ ဘကွန့်ကိုယ်နှင့် သင်းစံပယ် စိတ်ဟု မကြာခဏ တွေးသည်။ သူ့သား အမည်ကိုတောင် တစ်ခါတစ်ရံ "သင်းကွန့်"ဟု ရွဲ့ကာ ခေါ်တတ်ပါသေးသည်။
(၃)
"ဘွဲ့ရပညာတတ်ဖြစ်ပြီး တောင်သူပဲ ဇောက်ချလုပ်နေတာပဲ၊ ရတဲ့ပညာနဲ့တန်အောင် လူရိုသေ ရှင်ရိုသေ အလုပ်လေး လုပ်ပါဦးလား အစ္ကိုရဲ့"
"ဘာလုပ်ရမှာလဲ သင်းရဲ့"
"အနည်းဆုံး ရပ်ရွာအုပ်ချုပ်ရေးမှူး လောက်တော့ လုပ်သင့်တာပေါ့၊ အခုလက်ရှိ အုပ်ချုပ်ရေးမှူးက ဘွဲ့လည်းမရ၊ ပညာက လည်း အသင့်အတင့်ဆိုတော့ နောက်နှစ် အုပ်ချုပ်ရေးမှူးရွေးရင် ဝင်ပြိုင်ပေါ့၊ အစ္ကို့ဆို တစ်ရွာလုံး ထောက်ခံကြမှာပါ "
သင်းစံပယ်၏ အကြံပေး၊ တွန်းအားပေးကောင်းခြင်းတို့ကြောင့် ကိုဘကွန့်သည် ရပ်ရွာ အုပ်ချုပ်ရေးမှူး ရာထူးကို စိတ်ဝင်စားလာ သည်။ ယခင် ရပ်ရွာအုပ်ချုပ်ရေးမှူးက အနား ယူလိုခြင်း၊ ထိုအချိန်က ကိုဘကွန့်၏ ရိုးသား ခြင်း စသည်တို့ကြောင့် ဦးဘကွန့်သည် ရပ်ရွာ အုပ်ချုပ်ရေးမှူးနေရာသို့ အလြယ္တကူ ရယူ နိုင်ခဲ့သည်။ ထိုနေရာ ရပြီးကတည်းက သင်းစံပယ်၏ ဇာတိ ဘွားခနဲပေါ်လာသည်။ ဂုဏ်မောက်လာသည်။
မာန်တက်လာသည်။ စိတ်ကြီးဝင်လာ သည်။ ရပ်သူရွာသားများကို အထက္စီးက ဆက်ဆံလာသည်။
ထိုထိုသော ဇာတိစိတ်များကို ကိုဘကွန့် ဆွေမျိုးများထံ မီးကူးသလို ကူးပေးသေးသည်။ ရပ်ရွာက အသားကိုယူ၍ အရိုးကို လင်သား ၏ ဆွေမျိုးများအား ပေးကမ်းသည်။ ထိုအရိုး ကျေးဇူးကြောင့် ကိုဘကွန့်၏ နေရာကို ဆွေမျိုး တစ်သိုက် ဝန်းရံထားသည်။
ကိုဘကွန့်သည် ရပ်ရွာအုပ်ချုပ်ရေးမှူး ရာထူးကို ဆယ်စုနှစ်ကျော်ခန့် ဆုပ်ကိုင်နိုင် ခဲ့သည်။ သို့သော် ခေတ်ကာလ၊ အခြေအနေ ရွေ့လျားပြောင်းလဲမှုနှင့်အတူ ကိုဘကွန့်သည် လည်း ထိုနေရာကို ကိုထွန်းအောင်အား မကြည်မသာ လွှဲပြောင်းပေးခဲ့ရပါတော့သည်။ ထိုအချိန်မှစ၍ သင်းစံပယ်နှင့် ကိုဘကွန့်အမျိုး တစ်သိုက်သည် ကိုထွန်းအောင်အား မဟာ ရန်သူအဖြစ် သတ်မှတ်ပြီး နေရာကို ပြန်ယူရန် အချိန်ရှိသရွေ့ ကြိုးစားအားထုတ်နေကြလေ သည်။ ထို့အပြင် သူတို့အား မထောက်ခံရပါ့ မလားဆိုကာ ရပ်သူရွာသားများကို အငြိုး အေတး ထားလာကြသည်။ မခေါ်မပြော နေကြ သည်။ တစ်နေ့တခြား သူတို့၏ မာန်စည်း များကြောင့် ကိုဘကွန့်၏ အိမ်ဝိုင်းကို မည်သူမှ အဝင်အထွက် မလုပ်ကြတော့ပေ။ ကိုဘကွန့်အိမ်သည် ရွာအလယ်မှာ ရှိလင့် ကစား သီးခြားအိမ်ကြီးပမာ ဖြစ်နေချေတော့ သည်။
(၄)
"မင်း ငါ့ကို ဘယ်အချိန်ထိ သိက္ခာချနေ မွာလဲ၊ ဟေ့ကောင် စည်သူ ပြောလေကွာ "
ကိုဘကွန့်က သူ့၏သားကို လက်ညှိုး ငေါက်ငေါက်ထိုး၍ ဆိုသည်။
"အေဖရာ ကျွန်တော်က ရပ်ရွာအတွက် လုပ်အားပေးမိတာ ဘာတွေမှားလို့လဲဗျာ"
"မွားတာမွ အကြီးကြီးမှားတာ၊ ဘယ့်နှယ် ကြာ ထွန်းအောင် အုပ်ချုပ်မှုအောက်မှာ လုပ်အားသွားပေးရတယ်လို့၊ အဲဒီအကောင်က မင်းအဖေ ငါ့နေရာကို လုထားတာလေကွာ၊ မင်းမှာ မခံချင်စိတ် မျိုးချစ်စိတ်မရှိဘူးလား"
"ရပ်ရေးရွာရေး လုပ်အားပေးတာပဲ ဘယ်သူ့အစီအမံအောက်၊ ဘယ်သူ့ အုပ်ချုပ်မှု အောက်ရယ်လို့ ကြည့်ဖို့လိုသေးလား အေဖရာ"
"လိုတယ် လိုတယ္ကြ၊ မလွှဲသာလို့ လုပ်အားပေးရမယ်ဆို လူငှားထည့်လို့ ငါ အကြိမ်ကြိမ်ပြောပါရက်နဲ့ အခုတော့ကွာ ... တောက်"
ကိုဘကွန့်၏ တောက်ခေါက်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"ဟဲ့ ငကွန့်၊ ထွန်းအောင်က ရပ်ရွာတိုးတက် ရာ တိုးတက်ကြောင်း လုပ်နေတာ၊ အဲဒါ ငါ့မြေး က သူတတ်အားသရွေ့ ပါဝင်တာ ဘာအပြစ် ရွိလဲ"
"လာပြန်ပြီ အမေကတစ်မျိုး၊ ကိုယ့်သွေး သားဘက်ကနာရမှန်းမသိဘူး၊ ကျုပ်နေရာ လုသြားတဲ့ ဟို ထွန်းအောင် ဘက္ကပဲ ပါနေ တာပဲ၊ အမေလည်းမျိုးချစ်စိတ် မရွိဘူး"
"မျိုးချစ်စိတ် ဟုတ္လား၊ မဟုတ္တာ လုပ်နေတဲ့အမျိုးကို ချစ်ရအောင် ငါထမင်း လွတ်ဟင်းလွတ် မရူးသေးဘူး ငကွန့်ရဲ့"
ဒေါ်ဖွားသစ်က တန်းလျားပေါင်ကို တောင်ဝှေးဖြင့် တတောက်တောက်ခေါက်ကာ ပြန်ပြောသည်။
"အေမ စကားကို ဆင်ခြင်ပြောပါဗျ၊ ကျုပ် က ဘာတွေမဟုတ်တာ လုပ်ခဲ့လို့လဲ"
"နင်တို့လုပ်တာ နင်တို့မသိ ဘယ္သူ သိမတုန်း"
ဒေါ်ဖွားသစ်က နင်တို့ဟု ပြောလိုက်ခြင်း ကြောင့် ကိုဘကွန့်ဘေးမှာရှိနေသည့် သင်းစံပယ် မခံချိမခံသာဖြစ်ကာ ထိုနေရာမှ အိပ်ခန်းထဲသို့ဆောင့်အောင့် ထသွားသည်။
"ရပ်ရွာပိုင်း ဘောလုံးကွင်းကြီး ကွက်စိတ် ရိုက် ရောင်းတယ်၊ ရလာတဲ့ငွေကျ တိတိက်က် ခ်မျပဘူး၊ ရွာဘုံလယ်ကို အမျိုးတွေပဲ အလှည့် က် လုပ်စားခိုင်း၊ လယ္ကရလာတဲ့ အကျိုး အမြတ် ရပ်ရွာအတွက် ဘာမွလုပ္မေပးခဲ့ဘူး၊ ဒီတော့ နင့်ကို ဘယ္သူက ယုံမတုန်း၊ အားကိုး မတုန်း"
ဒေါ်ဖွားသစ်က ခ်က္ခနဲ ဒက္ခနဲ စီကာ ပတ္ကုံး ပြောပြသည့်အခါ ကိုဘကွန့်သည် အနာပေါ်တုတ်ကျသည့်ပမာ အနာကြီးနာ၍
"အခု ကျုပ်ကို ထွန်းအောင်နေရာ ပြန်ထားကြည့် ရပ်ရွာကို သူ့ထက် ဆယ္ဆ ဆယ္ဆမက တိုးတက်စေရမယ်ဗျာ"ဟု ငယ္သံ ပါအောင် ပြန်အော်တော့သည်။ အခြေအနေ က ပို၍ တင်းမာလာသည်ကြောင့် သင်းစံပယ် မနေနိုင်တော့ချေ။
"အစ္ကို တော်ပါတော့၊ သူများတွေကြား ရင် ရွက္စရာ၊ အစ္ကိုတို့ မရှက်ပေမယ့် သင်းက ရှက်တယ် ရှက်တယ် ရှက်ပါတယ် အဟင့်ဟင့်" ဟု ကိုဘကွန့်ရင်ခွင်ထဲ ခေါင်းအပ်ကာ ငိုကြွေး ပါလေသည်။
"ညည်းက ရွက္တတ္တာပါ့"ဟု ဒေါ်ဖွား သစ္က စိတ်ထဲက ပြောလိုက်သည်။ နှုတ်က တော့
" ဒီမယ် ငါ့သား ဘကွန့်၊ အမေလည်း အသက်ကြီးပြီ စကားအချေအတင်လည်း မပြောချင်တော့ဘူး၊ စောစောက မင်းပြော တဲ့စကား ဘာတဲ့ ရပ်ရွာကို ဆယ်ဆတိုးတက် အောင် လုပ်ပြမယ်ဆိုတာလေ"
ဒေါ်ဖွားသစ်ဟာ စကားပြောခြင်းကို ခဏရပ်ပြီး ကိုဘကွန့်မျက်လုံးကို စူးစိုက်ကြည့် သည်။ အသက်ခုနစ်ဆယ်ကျော် အေမအို၏ အကြည့်ကို ကိုဘကွန့် ယှဉ်မကြည့်ရဲပေ။
မသန့်သည့်လိပ်ပြာကြောင့် ထိတ်ထိတ် ပ်ာပ်ာ မျက်လွှာချလိုက်သည်။
"ရပ်ရွာတိုးတက်စေချင်တာများ နေရာ မလိုပါဘူး၊ ထွန်းအောင်ကိုလည်း မုန်းစရာ မလိုပါဘူး၊ သူနဲ့အတူ ပူးပေါင်းတိုင်ပင်ပြီး လုပ်လည်း ရတာပါပဲ၊ ငါ့သားသာ အဟုတ္သား ရပ်ရွာအမှန်တကယ် တိုးတက်စေချင်ရင် ထွန်းအောင်ကို ကန့်လန့်မတိုက်နဲ့၊ သူနဲ့ ပူးပေါင်း၊ အဲဒီလိုမဟုတ်ဘဲ ထွန်းအောင် ဘာလုပ်လုပ် အပြစ်တင် ကန့်လန့်တိုက်နေရင် ရပ်ရွာအတွက် မင်းကြိုးစားနေတာမဟုတ်ဘူး၊ မင်း နေရာရရေးအတွက် ကြိုးစားနေတာ"
ဒေါ်ဖွားသစ်သည် ထိုစကားမ်ားကို ပြောပြီး စည်သူအား "ငါ့မြေး အဘြားကို မင်း အဒေါ်အိမ် လိုက်ပို့စမ်းကွယ်၊ ဒီတစ်ခါ သူ့အိမ် မွာ ကြာကြာနေဖြစ်မယ်"ဟု ပြော၍ ဘယ် ဘက္လက္က မြေးကို ခိုတြဲ၍ ညာဘက်လက် က တောင်ဝှေးကို အားပြုရင်း ကိုဘကွန့်အိမ်မှ ထွက်ခွာသွားလေသည်။
(၅)
ဒေါ်ဖွားသစ်တို့ မြေးအဘွား ပြန်မလာ သည်မှာ တစ်ပတ်ကျော်လေပြီ။
"ဒီတစ်ခါ နင့်အဒေါ်အိမ်မှာ ကြာကြာ နေဖြစ်မယ်"
မိခင် ဒေါ်ဖွားသစ်စကားကို ကိုဘကွန့်ပြန် ကြားနေသည်။ သူ့သားစည်သူကို သတိရလာ သလို ဖြစ်လာသည်။ မဝင်ဖြစ်သည်မှာ ကြာပြီ ဖြစ်သော မောင်စည်သူ့အခန်းထဲ ဝင်ကြည့် သည်။ တံခါးဖွင့်လိုက်သည်နှင့် အခန်းနံရံပေါ် ချိတ်ဆွဲထားသည့် ဗီနိုင်းရွက်ပေါ်က ကဗ်ာ တစ္ပုဒ္က ဦးဘကွန့်ကို ခန့်ညားစွာ ဆီးကြိုနေ သည်။
"အိမ်အလှ
ငါ့ညီပြောင်းဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ရပ်ရွာကို၊ ကြိုက်သနည်း။
သူ့ဝင်းသူ့အိမ်၊ သူ့ ဂုဏ်ရှိန်နှင့်
ငါ့အိမ် ငါ့ဝင်း၊ ငါ့ ဂုဏ်တင်း၏
ဝင်းအိမ်ဘယ်ညာ၊ နီးကြပါလည်း
မလာမသြား၊ မာန်စည်းတား၍
မကြားမမြင်၊ မခေါ်ချင်သည်
မခင်သော့ခတ်၊ ထိုအရပ်။"
မခင်သော့ခတ် ထိုအရပ်
ထိုကဗ်ာစာသားကို ကိုဘကွန့်သည် မကြာခဏ ရွတ်ဆိုမိသည်။ ပြီးသည်နှင့် အလိုလိုဝမ်းနည်းလာသည်။ ဖခင်တစ်ဦးအနေ ဖြင့် သားလောက်ပင် အသိတရားမရွိခဲ့ပါလား ဟု တွေး၍ တွေး၍ ယူကြုံးမရဖြစ်နေလေသည်။ ကဗ်ာကို ဆက်၍ ရွတ်ဆိုကြည့်သည်။
"ငါ့ အိမ်ငါ့ဝင်း၊ အချင်းချင်းတည့်
သူ့ဝင်းငါ့အိမ်၊ အကြိမ်ကြိမ်တည့်
သူ့ အိမ်ကိစ္စ၊ ငါ့အိမ်ကတည့်
ထိုမှရွာမူ၊ အရပ္ကိုမူ
ပေါင်းစုတိုင်ပင်၊ လုပ်ငန်းတွင်သည်
ခင်မင်လွတ်လပ်၊ ထိုအရပ်။ ။
ဇော်ဂျီ
ခင်မင်လွတ်လပ် ထိုအရပ်
မခင်သော့ခတ် ထိုအရပ်
ထိုကဗ်ာစာသားမ်ားကို အဖန္တလဲလဲ နှိုင်းယှဉ်ရွတ်ဆိုမိသည်မှာ မည်မျှကြာလေ သည်မသိချေ။
"အစ္ကို စည်သူ့အခန်းထဲ တတွတ်တွတ် နဲ့ ဘာတွေ ရွတ်နေတာလဲ "ဒေါ်သင်းစံပယ်၏ အသံကြားမှ အိပ္မက္က လန့်နိုးသူပမာ "အော် အင်း အေး "ဟု ပြောကာ သူ့သားအခန်းထဲမှ ထွက်လာသည်။ ပြီးသည်နှင့် အိမ်ခြံဝင်းပေါက် သို့ တရွေ့ရွေ့သွားလေသည်။
"အစ္ကို ဘယ္သြားမလို့လဲ"ဟု ဒေါ်သင်း စံပယ္က မေးသည့်အခါ "ထွန်းအောင်အိမ် မရောက်တာကြာလို့ အလည်သွားမလို့ပါ၊ ရပ်ရွေးရွာရေး ဆွေးနွေးရင်းပေါ့"ဟု ဖြေကာ အိမ်မှ ထွက်သွားသော ကိုဘကွန့်ကျောပြင် အားကြည့်၍ ဒေါ်သင်းစံပယ်သည် ပါးစပ် အဟောင်းသားဖြစ်ကာ "မခင်သော့ခတ် ထိုအရပ်" နှင့်တူသော အိမ္တံခါးဝမွာ တောင့်တောင့်ကြီးရပ်၍ ကျန်ရစ်လေပါတော့ သတည်း။
Ref; The Mirror Daily
Comments
Post a Comment
ဝေဖန်အကြံပြုချက်များ ရေးသားခဲ့နိုင်ပါသည်