နှလုံးသားလက်ဆောင် (ပညာပေးပုံပြင်)

နှလုံးသားလက်ဆောင်



တစ်ခါတော့ မွေးရာပါ နှလုံးရောဂါရှိတဲ့ ၁၁နှစ်အရွယ်သမီးက သူ့အဖေကိုမေးတယ်
" ဖေဖေ သမီး ၁၅ နှစ် ပြည့်မွေးနေ့ရောက်ရင် သမီးကို ဘာလက်ဆောင်ပေးမှာလဲ ဟင် "

သူ့အဖေကတော့ " သမီးလေးအတွက် ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံးလက်ဆောင် တစ်ခုဖြစ်မှာပေါ့ သမီးရဲ့ " လို့ပြန်ဖြေလိုက်တယ်။

ဒါပေမယ့် သူဘာပေးရမှန်းမသိဘူး....
ဒီလိုနဲ့ နှစ်တွေ ကြာလာတော့ အသက် ၁၄ နှစ်လောက်မှာတော့ ကောင်မလေးဟာ အလွန်ပြင်းထန်တဲ့ နှလုံးရောဂါခံစားပြီး ဆေးရုံတက်လိုက်ရတယ်။

ဆရာ၀န်တွေက သူ့အဖေကိုပြောတယ်...
" ခင်ဗျားသမီး အခြေအနေအရမ်းဆိုးနေပြီ သိပ်မကြာခင် သူသေမှာပဲ " လို့ပေါ့

သူ့အဖေကတော့ စိတ်မပူသလိုနဲ့ " ဟုတ်ကဲ့ပါဆရာ ကျွန်တော်သူ့အတွက် အကောင်းဆုံးပြင်ဆင်ထားတာတွေရှိပါတယ် "

သိပ်မကြာဘူး..သူ့အဖေဟာ ဆေးရုံလာတဲ့လမ်းမှာ ကားအက်ဆီးဒင့်(accident)ဖြစ်သွားတယ်။😥

နောက်ရက် အနည်းငယ်ကြာတော့ ကောင်မလေးကို လာပြောတယ်။
မင်းအရမ်းကံကောင်းတာပဲ မင်းနှလုံးအတွက် အလှူ ရှင်ရှာတွေ့ပြီတဲ့။

နောက်မကြာဘူး ကောင်မလေး အခြေအနေတိုးတက်လာတော့ အိမ်ပြန်လာတယ်။
အဲဒီအချိန်မှာ သူ့အသက်ကလဲ ၁၅ နှစ်ပြည့်ပြီးပြီပေါ့။
သူဟာ သူ့အိပ်ယာမှာ လှဲအိပ်လိုက်တယ် အဲဒီအချိန်မှာ အိပ်ရာအောက်က ခုလုခုလု ဖြစ်နေလို့ အခင်းကို လှန်လိုက်တယ်။ အဲဒီမြာ သူ့အဖေချန်ထားတဲ့ စာအုပ်လေးတွေ့သွားတယ် ...

" ငါ့သမီး ဒီစာကိုဖတ်နေတဲ့အချိန်မှာ ၁၅ နှစ်ပြည့်ပြီးလောက်ပေါ့ သမီးမွေးကတည်းက နှလုံးမကောင်းတာကို အဖေအစောကြီးကတည်းက သိပြီးသား အဲဒါကြောင့် အဖေ့နှလုံးကို ကြိုတင်လှူဒါန်းထားတယ်သမီး။

သမီးဒီလို အသည်းအသန်ဖြစ်မယ်ဆိုတာလဲ အဖေခန့်မှန်းပြီးသား။
ဒါပေမဲ့ သမီး ဖြစ်တာ အဖေမှန်းထားတာထက်စောတဲ့အတွက် မတတ်နိုင်ဘူး။
သမီးအတွက် ၁၅ နှစ်ပြည့်လက်ဆောင်အဖေပေးခဲ့ပါတယ်။

အဖေ့ရဲ့ အသည်းနှလုံးလောက်ချစ်ရတဲ့ သမီးလေးအတွက် အဖေ့ရဲ့ နှလုံးက လက်ဆောင်ကောင်းဖြစ်မှာပါ "

မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့စိတ်ကို ခံစားနိုင်မည့် ၀တ္တုလေးဖြစ်မှာပါ။😢😭

Credit To မောင်စိုင်း

Comments

Post a Comment

ဝေဖန်အကြံပြုချက်များ ရေးသားခဲ့နိုင်ပါသည်

Popular posts from this blog

မိကျောင်းနဲ့မျောက် (ပုံပြင်)

မထုလိုက်မိတဲ့တူတစ်ချက် (ပုံပြင်)