နှလုံးသားလက်ဆောင် (ပညာပေးပုံပြင်)
နှလုံးသားလက်ဆောင် တစ်ခါတော့ မွေးရာပါ နှလုံးရောဂါရှိတဲ့ ၁၁နှစ်အရွယ်သမီးက သူ့အဖေကိုမေးတယ် " ဖေဖေ သမီး ၁၅ နှစ် ပြည့်မွေးနေ့ရောက်ရင် သမီးကို ဘာလက်ဆောင်ပေးမှာလဲ ဟင် " သူ့အဖေကတော့ " သမီးလေးအတွက် ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံးလက်ဆောင် တစ်ခုဖြစ်မှာပေါ့ သမီးရဲ့ " လို့ပြန်ဖြေလိုက်တယ်။ ဒါပေမယ့် သူဘာပေးရမှန်းမသိဘူး.... ဒီလိုနဲ့ နှစ်တွေ ကြာလာတော့ အသက် ၁၄ နှစ်လောက်မှာတော့ ကောင်မလေးဟာ အလွန်ပြင်းထန်တဲ့ နှလုံးရောဂါခံစားပြီး ဆေးရုံတက်လိုက်ရတယ်။ ဆရာ၀န်တွေက သူ့အဖေကိုပြောတယ်... " ခင်ဗျားသမီး အခြေအနေအရမ်းဆိုးနေပြီ သိပ်မကြာခင် သူသေမှာပဲ " လို့ပေါ့ သူ့အဖေကတော့ စိတ်မပူသလိုနဲ့ " ဟုတ်ကဲ့ပါဆရာ ကျွန်တော်သူ့အတွက် အကောင်းဆုံးပြင်ဆင်ထားတာတွေရှိပါတယ် " သိပ်မကြာဘူး..သူ့အဖေဟာ ဆေးရုံလာတဲ့လမ်းမှာ ကားအက်ဆီးဒင့်(accident)ဖြစ်သွားတယ်။😥 နောက်ရက် အနည်းငယ်ကြာတော့ ကောင်မလေးကို လာပြောတယ်။ မင်းအရမ်းကံကောင်းတာပဲ မင်းနှလုံးအတွက် အလှူ ရှင်ရှာတွေ့ပြီတဲ့။ နောက်မကြာဘူး ကောင်မလေး အခြေအနေတိုးတက်လာတော့ အိမ်ပြန်လာတယ်။ အဲဒီအချိန်မှာ သူ့အသက်ကလဲ ၁၅ နှစ်ပြည့်ပြီးပြီပေါ့။ သူဟာ သူ့အိပ်ယာမှာ လှဲအိပ်လိုက်တယ် အဲ...