မိုးရွာမှုအားပြုနေရသည့်တောင်သူကြီးများလယ်ယာသီးနှံစိုက်ပျိုးအောင်မြင်ရန်
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကိုအခြေခံ၍ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရန် ရာသီမရွေး
သီးနှံစိုက်ပျိုးဖြစ်ထွန်းနိုင်သည့် သဘာဝမြေဆီလွှာ ရှိပြီးဖြစ်သည်။ လယ်မြေ၊ ယာမြေ၊
ကိုင်းကျွန်းမြေ စသည်ဖြင့် မြေသဘာ၀ အမျိုးမျိုးရှိသည့်အနက် သီးနှံအများစုကို
လယ်မြေနှင့် ယာမြေပေါ်တွင် စိုက်ပျိုးလျက်ရှိပါသည်။
သီးနှံပင်စိုက်ပျိုးဖြစ်ထွန်းရန် လိုအပ်သည့်အစိုဓာတ်ကို မုတ်သုံမိုးရွာသွန်းခြင်းမှ
အဓိက ရရှိသည်။ ရွာသွန်းသောမိုးရေကိုအားကိုး၍ မိုးဦး၊ မိုးလယ်ရာသီတို့တွင်
ဖြစ်ထွန်းသည့် သီးနှံပင်များကို စိုက်ပျိုးလျက်ရှိသည်။ မိုးနှောင်းရာသီတွင် ရွာသွန်း
သည့် မိုးရေကိုသာမက မိုးရာသီအတွင်း ယခင်ရွာသွန်းခဲ့သည့် မိုးရေမှ မြေတွင်း၌
ကြွင်းကျန်သောအစိုဓာတ်ကို အားကိုး၍ သီးနှံပင်များကို စိုက်ပျိုးလျက်ရှိပါသည်။
သီးနှံပင် စိုက်ပျိုးဖြစ်ထွန်းမှုသည် စိုက်ပျိုးမြေအလိုက် မတူကွဲပြားခြားနားသည်။ အပင်ခြေ၌ ရေဝပ်ခြင်းကို ခံနိုင်ရည်ရှိသော သို့တည်းမဟုတ် ရေသိုလှောင်ထားရှိမှုကို ကြိုက်နှစ်သက် သော စပါးသီးနှံကို လယ်မြေတွင် အဓိကစိုက်ပျိုးလေ့ရှိသည်။ သီးနှံပင်အများစုသည် ရေဝပ်ခြင်းကို ကြိုက်နှစ်သက်နခြင်း မရှိပေ။ မြေဆီလွှာတွင် လေဝင်လေထွက်ရှိမှုကို ကြိုက်နှစ်သက်သည်။ ၎တို့မွာ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ချည်မျှင်ရှည်ဝါ၊ ကြံ၊ ဟင်းသီးဟင်းရွက်၊ ပြောင်းဖူးနှင့် အခြားနှံစားသီးနှံ စသည့် သီးနှံပင်များ ဖြစ်သည်။ အဆိုပါသီးနှံများကို ယာမြေတွင် အဓိကစိုက်ပျိုးလေ့ရှိပြီး ယာသီးနှံဟု ခေါ်ဆိုနိုင်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းသည် မူလကပင် မိုးနည်းပါးစွာ ရွာသွန်းသည့်ဒေသဖြစ်သည်။ ဝမ်းစာလိုအပ်ချက်အရ လယ်မြေတွင်မိုးစပါးကို စိုက်ပျိုးသည်။ ယာမြေတွင် ယာသီးနှံများကို စိုက်ပျိုးသည်။ စိုက်ပျိုးသည့်သီးနှံများ၏ အောင်မြင်မှုသည် ရွာသွန်းသည့်မိုးနှင့် လယ်သမား၏အတွေ့အကြုံအပေါ်တွင် မူတည်နေလျက်ရှိပါသည်။
မိုးနည်းပါးစွာရွာသွန်းလေ့ရှိသော မြေလတ်ဒေသ၌မိုးရေကိုသာ အားထားစိုက်ပျိုးရသည့် ဓေလ့အရ လယ်သမားတိုင်း၌ မိမိစပါးစိုက်လယ်မြေအတွက် ဆင်ရေချိုး သကဲ့သို့ မိုးရွာလျှင် စုဆောင်းရေရနိုင်သည့် အဝှမ်းပိုင်းရှိ လယ်မြေတစ်နေရာတွင် ပျိုးခင်းကို သီးခြားသတ်မှတ်ထားရှိဆောင်ရွက်လေ့ရှိပြီး ထိုလယ်မြေကွက်တွင် နှစ်စဉ်ပျိုးထောင်လေ့ရှိကြောင်း သိရပါသည်။
အဝှမ်းပိုင်းဆိုသည်မှာ လယ္သမား အခေါ်အဝေါ် အနိမ့်ပိုင်းလယ်မြေဖြစ်သည်။
မိုးရွာလျှင် ရေများစီးဝင်လာကာ ပျိုးခင်းရေရရှိသည်။ ထို့ပြင် ပျိုးခင်းလယ်မြေသည်
အခြားလယ်မြေများထက် မြေသြဇာထက်သန်သည်။ ရနိုင်သမျှ မိမိအိမ်ရှိ ခိုင်းကျွဲ၊နွားနှင့် အခြားတိရစၧာန်များစွန့်ပစ်သော နွားချေးကိုသာမက ကြက်ချေး၊ ဆိတ်ချေး စသည် တို့ကိုလည်း ကြိုတင်ချပေးထားလေ့ရှိသည်။
အကယ်၍ ဇူလိုင်လကုန်အထိရွာသွန်းသည့် မိုးရေနည်းပါးပါက ပျိုးခင်းရေမရသဖြင့်
ပျိုးမထောင်နိုင်ခြင်း၊ ပျိုးထောင်ထားနိုင်သော်လည်း ပျိုးသက်တစ်လကျော်သည့်တိုင် မိုးမရွာသဖြင့် စိုက်ခင်းများကို ထွန်ရေးတမန်း မပြင်နိုင်ကာ ပျိုးသက်ကြီးသည်အထိ စိုက်ပျိုးနိုင်ခြင်း မရှိသည့်အခက်အခဲများ ဖြစ်ပေါ်ကြောင်း တွေ့မြင်နိုင်ပါသည်။
ယာမြေတွင်လည်း ယာသီးနှံများကို မိုးဦးတွင် မစိုက်ပျိုးနိုင်မှုများ၊ အချို့ဒေသ
များတွင် စိုက်ပျိုးနိုင်ခဲ့သော်လည်း မိုးမရွာသဖြင့် အပင်အရပ်ပုခြင်း၊ ဖွံ့ဖြိုးသီးပွင့်မှုမရှိ
ခြင်းနှင့် အဆိုးရွားဆုံးအနေဖြင့် သီးနှံပင် ပျက်စီးရခြင်းများ ရှိနိုင်ပါသည်။
ဤသို့သောအခြေအနေများကြုံတွေ့ရနိုင်သဖြင့် ပုံမှန်မိုးရွာသွန်းသည့် နှစ်ကာလ
မ်ားကဲ့သို့ ဆောင်ရွက်ခြင်းမပြုကြဘဲ စပါးအပါအဝင် ယာသီးနှံများ စိုက်ပျိုးအောင်မြင်
ရေး မိုးကိုအားကိုးနေရသည့် တောင်သူလယ်သမားကြီးများကို သင့်တော်သည့်
စိုက်ပျိုးနည်းပညာများ ဖော်ပြလိုပါသည်။
လယ်မြေတွင် စပါးသီးနှံစိုက်ပျိုးအောင်မြင်ရေး ပျိုးသက်ကြီးသည်အထိ မိုးမရွာ၍ ကောက်စိုက်ရန်အခြေအနေ မပေးသည့်ဒေသများတွင် သက်လျင်စပါးမျိုးများကို
အသုံးမပြုသင့်ပေ။ မေနာသုခ၊ ဆင်းသုခကဲ့သို့ သက်လတ်စပါးမျိုးဖြစ်စေ၊ အင်းမရဲ
ဘော်၊ နှံကား၊ ပေါ်ဆန်းဘေးကြားကဲ့သို့ရာသီစပါးမျိုးကိုဖြစ်စေ အသုံးပြုသင့်သည်။
ထိုစပါးမျိုးများသည် ပျိုးသက်ကြီး သော်လည်း အပင်ပွားနိုင်သေးသည်။ အနှံများနိုင်သေးသည်။ ပုံမှန်ပျိုးသက် တစ္လသားကို စိုက္သကဲ့သို့ စပါးထွက်နိုင်သည်။သို့ဖြစ်၍ ပျိုးသက်ကြီးဒဏ်ခံနိုင်မှုကို ထည့်သွင်းစဉ်းစားရန် လိုပါသည်။ စပါးစိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ် ပြောင်းလဲသည့်အနေဖြင့် ပျိုးထောင် ကောက်စိုက်မည့်အစား တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းက ပိုမိုသင့်တော်သည်။
အခြောက်ထွန်ရေးတွင်ဖြစ်စေ၊ အစိုတမန်းပြင်တွင်ဖြစ်စေ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုး
ရန် ဖြစ်သည်။ အတန်းလိုက်ဖြစ်စေ၊ ကြဲပက်၍ဖြစ်စေ၊ မျိုးစေ့ချ ကိရိယာကို အသုံးပြု၍ ဖြစ်စေ ဆောင်ရွက်နိုင်ပါသည်။အသုံးပြုမည့် စပါးမျိုးသည် မူလက သက်လတ်မျိုးကို စိုက်ပျိုးရန်ဖြစ်သော်လည်း သက်လျင်မျိုးကို ပြောင်းလဲအသုံးပြုသင့်သည်။ ဥပမာ- မူလက မေနာသုခကို စိုက်ပျိုးလေ့ရှိပါက မနောသုခသည် သက်လတ်မျိုးဖြစ်၍ ရွှေသွယ်ရင်၊ သီးထပ်ရင် စသည့် အခြားသင့်တော်ရာ သက်လျင်စပါး မျိုးများကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။
စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးရာတွင် သတိမူရမည်မှာ ပေါင်းမြက်ပြဿနာဖြစ်သည်။ ထွန်ရေးပြုပြင်စဉ်ကပင် မြက်ခေါင်းများ၊ အပင်အကြွင်းအကျန်များကို ပြောင်စင်အောင် ကောက်ယူရှင်းလင်းပစ်ရန် လိုအပ်သည်။ ပေါင်းမြက်ကင်းစင်ရေးအတွက် အခြောက်ထွန်ရေးဖြစ်ပါက ထွန်ရေးညက်စေပြီး အစိုတမန်းဖြစ်ပါက တမန်းကောင်းစေရမည်။ မိုးရွာသွန်းလာသည်နှင့်အမျှ ကန်သင်းများကို လုံအောင်ပိတ်ကာရွာသွန်းသမျှ မိုးရေကို သိုလှောင်ရမည်။ သို့မွသာ ပေါင်းမြက်ပေါက်ရောက်နိုင်မှု လျော့နည်းစေမည်ဖြစ်ပါသည်။
ပေါင်းသတ်ဆေးကို စနစ်တကျအသုံးပြု၍ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်းသည် ထိရောက်ပြီး ကုန်ကျစရိတ်လျော့နည်းစေသည့် ပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းစနစ်တစ်ခု ဖြစ်သည်။ စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပြီးလျှင်ပြီးချင်း၊ သို့မဟုတ် မျိုးစေ့ချပြီး သုံးရက်အတွင်း ပက်ဖျန်းကာကွယ်နှိမ်နင်းရသည့် ပေါင်းသတ်ဆေး (Pre-emergence) ဖြစ်စေ၊ မျိုးစေ့ချပြီး တစ်ပတ်ခန့်အကြာ ပေါင်းမြက်ပင်များပေါက်ရောက်လာပြီး ပေါင်းမြက်ပင်များ အရွက်နှစ်ရွက်မှ သုံးရွက်ထွက်ပေါ်ချိန်တွင် ပက်ဖျန်းရသည့် ပေါင်းသတ်ဆေး(Post-emergence) ဖြစ်စေ စပါးမျိုးစေ့ချစိုက်ခင်းတွင် အသုံးပြုနိုင်သည်။ ဆေး
အမျိုးအစားအလိုက် မှန်ကန်စွာအသုံးပြုပါက ပေါင်းမြက်ကြောင့်စပါးအထွက် လျော့
နည်းနိုင်မှုကို ကာကွယ်ရာရောက်မည် ဖြစ်ပါသည်။
မိုးဦးကာလတွင် ယာမြေများ၌ယာသီးနှံများကို စိုက်ပျိုးရန်ဖြစ်သည်။ အကယ်၍
မိုးခေါင်မှုကြောင့် မည်သည့်သီးနှံမျှ စိုက်ပျိုးနိုင်ခြင်းမရှိပါက မိုးလယ်ရာသီတွင် ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးရန်ဖြစ်သည်။ ယာသီးနှံတစ်မျိုးမျိုး စိုက်ပျိုးပြီး သီးနှံပျက်စီးခဲ့သည့် ယာမြေများရှိပါကလည်း ထွန်ရေးအသစ်ပြုပြင်ကာ သင့်တော်သည့်ယာသီးနှံကို ပြန်လည်စိုက်ပျိုးရန် ဖြစ်ပါသည်။
ယာသီးနှံများသည် မိုးရွာသွန်းမှု သင့်တင့်ရုံဖြင့် ဖြစ်ထွန်းအောင်မြင်နိုင်သည့် သီးနှံ အမျိုးအစားများဖြစ်သည်။ ယာသီးနှံအတွက် လိုအပ်သည့် မိုးရေချိန်ပမာဏကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းပါးသည့်ဒေသ၌ မိုးနှောင်းကာလတွင် ရရှိနိုင်ကြောင်း
ယခင်နှစ် မ်ား၏ မိုးရွာသွန်းမှုပုံစံအရ ခန့်မှန်းနိုင်ပါသည်။ သို့ဖြစ်၍ ယာမြေတွင် မိုးရာသီအတွင်း သင့်တော်ရာ ယာသီးနှံတစ်မျိုးမျိုးကို အောင်မြင်အောင်စိုက်ပျိုးရန် ဖြစ်
ပါသည်။ စိုက်ပျိုးမည့် ယာသီးနှံမျိုးများသည်အလင်းရောင်တုံ့ပြန်မှုမရှိသည့် မျိုးများဖြစ်ရန် လိုသည်။
သို့မွသာ ဤသို့ရာသီပြောင်းလဲလိုက်သော်လည်း မျိုးအလိုက် သက်တမ်းရက်စေ့လျှင် ပွင့်သီးရင့်မှည့်မည်သာဖြစ်သည်။ ယာမြေတွင် စိုက်ပျိုးသင့်သည့် သီးနှံများစွာရှိသည်။ ၎တို့မွာ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်း၊ နေကြာ၊ ပဲပုပ်၊ မြေပဲ၊ ချည်မျှင်ရှည်ဝါ စသည်တို့ဖြစ်သည်။ ထို့ပြင် မတ်ပဲသည် ဆောင်းရာသီတွင်သာ စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်သော်လည်း ယခုအခါရာသီမရွေး စိုက်ပျိုးနိုင်သည့် မတ်ပဲမျိုးများဖော်ထုတ်ပြီးဖြစ်ရာ အဆိုပါ မတ်ပဲမျိုးကိုလည်း စိုက်ပျိုးနိုင်ပါသည်။
- မောင်ဖူးဝေ
မြန်မာတောင်သူကြီးများ ဂျာနယ်
Comments
Post a Comment
ဝေဖန်အကြံပြုချက်များ ရေးသားခဲ့နိုင်ပါသည်