Posts

Showing posts from June, 2020

မိကျောင်းနဲ့မျောက် (ပုံပြင်)

Image
မိကျောင်းနဲ့မျောက် =========== မိကျောင်းထီးတစ်ကောင်ဟာ အမြဲတမ်း အစာရှာထွက်လေ့ရှိပြီး သူအစာရှာထွက်တဲ့မြစ်ကမ်းနားက ရေသဖန်းပင်ပေါ်မှာ မျောက်တစ်ကောင်နဲ့ မိတ်ဆွေဖြစ်နေကြပါသတဲ့။ မျောက်ဟာ အစာရှာပြီး မြစ်ကမ်းနားမှာ အနားယူလေ့ရှိတဲ့မိကျောင်းကို သူနေထိုင်ရာ သဖန်းပင်ပေါ်က သဖန်းသီးတွေကို မိကျောင်းအတွက်ခူးပြီးခြွေချပေးလေ့ရှိပါတယ်။ မျောက်ခြွေချပေးတဲ့သဖန်းသီးတွေကို မိကျောင်းက ကျောပေါ်တင်သွားပြီး သူ့ရဲ့မယားဖြစ်သူ မိကျောင်းမကို ကျေွးလေ့ရှိပါတယ်။ မိကျောင်းမဟာ သဖန်းသီးတွေကို စားတိုင်း ချိုလိုက်တာဆိုပြီး အမြဲချီးကျူးလေ့ရှိပါတယ်။ တစ်နေ့မှာတော့ မိကျောင်းမဟာ မိကျောင်းထီးကိုပြောပါတယ်။ ရှင်ယူလာတဲ့သဖန်းသီးတွေက ချိုလိုက်တာနော်.ဒါပေမယ့် ဒါလေးတွေကို စားရတာနဲ့တင် မတင်းတိမ်နိုင်ဘူး။ သဖန်းပင်ပေါ်က သဖန်းသီးတွေကို နေ့တိုင်းစားနေတဲ့မျောက်ရဲ့အသည်းက ပိုတောင်ချိုအုံးမှာ။ ကျုပ်ကို သဖန်းပင်ပေါ်က မျောက်အသည်းစားရအောင် ယူလာခဲ့ပေးပါလား ဆိုပြီး မျောက်သားစားဖို့ ပူဆာပါတော့တယ်။ မိကျောင်းထီးက မျောက်နဲ့မိတ်ဆွေဖြစ်နေတာမို့ မျောက်ကို မစားစေချင်ပေမယ့် မိကျောင်းမက မကြာခဏ ပူဆာလေ့ရှိတာမို့ နောက်ဆုံးမှာတော့ မငြင်းရက်ပဲ မျောက်ရဲ့အသည်းကိုယူလာပ...

အခ်စ္စစ္ဆိုတာ (အီစွတ်ပုံပြင်)

Image
(အခ်စ္စစ္ဆိုတာ)အီစွတ် ပုံပြင် တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။  တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေ၀ယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။   ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏေနေတာ့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ္ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘြားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။ အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ သလာပေတြ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။  အိမ်ပြန်ရောက်ရင် အဘြားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမွာ မဟုတ်ကြောင်း ငြင်းပါတယ်။  ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘြားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကို...

မထုလိုက်မိတဲ့တူတစ်ချက် (ပုံပြင်)

Image
မထုမိလိုက်တဲ့ တူတစ်ချက်  ********************** တစ်ခါတုန်းက လူသွားလူလာများတဲ့ တောလမ်း တစ်နေရာမှာ ကျောက်တုံးကြီးတစ်တုံး ရှိသတဲ့။ အဲဒီကျောက်တုံးပေါ်မှာလည်း စာတစ်ချို့ရေးထွင်း ထားပါတယ်။ ကျောက်တုံးပေါ်မှာ ရေးထားတဲ့ စာကတော့… ဤကျောက်တုံးကြီးကို ဆယ်ပေါင်တူနှင့် အချက် တစ်ထောင်ပြည့်အောင် ထုခွဲလျင် တစ်သက်စာ ချမ်းသာသော ရတနာများ ရမည်တဲ့။ လမ်းသွားလမ်းလာတွေက အဲဒီစာကိုမြင်တော့ ပြုံးကြတာပေါ့။ အရူးတစ်ယောက် လက်ဆော့သွားတာနေမယ်လို့  ထင်ကြေးပေးတဲ့သူတွေလည်း ရှိပါတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ ကျောက်တုံးကြီး ထုခွဲရုံနဲ့ တစ်သက်စာ ချမ်းသာဖို့ ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းတယ်လေ။ နောက်ပြီး ဆယ်ပေါင်တူနဲ့ အချက်တစ်ထောင် ထုဖို့ဆိုတာ တော်ရုံ ဇွဲသတ္တိနဲ့လည်း မဖြစ်ဘူး မဟုတ်လား။ ဒီလိုနဲ့ ခရီးသွားတွေဟာ… အဲဒီကျောက်တုံးကြီးကို ခဏတစ်ဖြုတ် နားစရာ အနေနဲ့ပဲ ထိုင်ကြ မှီကြပြီး  ထုခွဲဖို့ကို ဘယ်သူမှ စိတ်မဝင်စားကြဘူးတဲ့။ တစ်နေ့မှာတော့… လူတစ်ယောက်ဟာ ဆယ်ပေါင်တူနဲ့ သောက်ရေဗူးနဲ့ ရောက်လာပြီး အဲဒီကျောက်တုံးကြီးကို ထုခွဲပါတော့တယ်။ ဖြတ်သွားဖြတ်လာတွေကတော့… သူ့ကို လှောင်တဲ့ သူကလှောင်။ ပြုံးတဲ့သူကပြုံး။ ချီးမွမ်းတဲ့သူက ချီးမွမ်း။ အရူးလို့ ပြောတဲ့သူက...

မိုးရွာမှုအားပြုနေရသည့်တောင်သူကြီးများလယ်ယာသီးနှံစိုက်ပျိုးအောင်မြင်ရန်

Image
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကိုအခြေခံ၍ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရန် ရာသီမရွေး သီးနှံစိုက်ပျိုးဖြစ်ထွန်းနိုင်သည့် သဘာဝမြေဆီလွှာ ရှိပြီးဖြစ်သည်။ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ စသည်ဖြင့် မြေသဘာ၀ အမျိုးမျိုးရှိသည့်အနက် သီးနှံအများစုကို လယ်မြေနှင့် ယာမြေပေါ်တွင် စိုက်ပျိုးလျက်ရှိပါသည်။ သီးနှံပင်စိုက်ပျိုးဖြစ်ထွန်းရန် လိုအပ်သည့်အစိုဓာတ်ကို မုတ်သုံမိုးရွာသွန်းခြင်းမှ အဓိက ရရှိသည်။ ရွာသွန်းသောမိုးရေကိုအားကိုး၍ မိုးဦး၊ မိုးလယ်ရာသီတို့တွင် ဖြစ်ထွန်းသည့် သီးနှံပင်များကို စိုက်ပျိုးလျက်ရှိသည်။ မိုးနှောင်းရာသီတွင် ရွာသွန်း သည့် မိုးရေကိုသာမက မိုးရာသီအတွင်း ယခင်ရွာသွန်းခဲ့သည့် မိုးရေမှ မြေတွင်း၌ ကြွင်းကျန်သောအစိုဓာတ်ကို အားကိုး၍ သီးနှံပင်များကို စိုက်ပျိုးလျက်ရှိပါသည်။ သီးနှံပင် စိုက်ပျိုးဖြစ်ထွန်းမှုသည် စိုက်ပျိုးမြေအလိုက် မတူကွဲပြားခြားနားသည်။ အပင်ခြေ၌ ရေဝပ်ခြင်းကို ခံနိုင်ရည်ရှိသော သို့တည်းမဟုတ် ရေသိုလှောင်ထားရှိမှုကို ကြိုက်နှစ်သက် သော စပါးသီးနှံကို လယ်မြေတွင် အဓိကစိုက်ပျိုးလေ့ရှိသည်။ သီးနှံပင်အများစုသည် ရေဝပ်ခြင်းကို ကြိုက်နှစ်သက်နခြင်း မရှိပေ။ မြေဆီလွှာတွင် လေဝင်လေထွက်ရှိမှုကို ကြိုက်န...